အမိန့်ကြော်ငြာစာများ
လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်အား ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား မွန်းလွဲ (၂)နာရီတွင် လည်းကောင်း နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမိန့်ကြော်ငြာစာများ

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ပထမနေ့အစီအစဉ်၏ အစည်းအဝေး သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ လွှင့်တင်သွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

အမျိုးသားလွှတ်တော်၏ သတင်းလွှာတွင် စာရင်းပေးသွင်းထားခြင်းဖြင့် နောက်ဆုံးရသတင်းများကို သင်၏ အီးမေးလ်ထဲတွင် လက်ခံရယူလိုက်ပါ။