လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် ကနေဒါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး The Honourable Stephane Dion အား (၇.၄.၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၅ ၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

လှုပ်ရှားမှုများ

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည်  မြန်မာနိုင်ငံဆိုင်ရာ ပိုလန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Miroslaw Zasada အား (၅- ၄- ၂၀၁၆) ရက်နေ့ ၁၄ ၀၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု  လုပ်ငန်းရှင်များအဖွဲ့ချုပ် ညှိနှိုင်းအစည်းအဝေးအား (၄. ၄. ၂၀၁၆) ရက်နေ့တွင် အောက်ပါ အခမ်းအနားအစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များသည် UNICEF ဌာနေ ကိုယ်စားလှယ် Mr. Bertrand Bainvel  နှင့်အဖွဲ့အား ဧပြီလ ၄ ရက်နေ့ နံနက် (၁၁: ၃၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာအဆောင်အမှတ် (I-20) တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်အခွင့်အရေးကိစ္စရပ်များနှင့် သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု၊ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈-၃-၂၀၁၆) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင်  အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15) ၌ အောက်ပါအစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် ရန်ကုန်မြို့၊ စင်္ကာပူနိုင်ငံသံရုံးမှ သံမှူးကြီး Mr. KOH CHEE CHIAN ဦးဆောင်သောအဖွဲ့အား မတ်လ ၂၄ ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးသည် သြစတြီးယားနိုင်ငံ Bank Austria ၏ အကြီးအကဲဖြစ်သူ ဦးထွန်းအောင်အား မတ်လ ၂၄ ရက်နေ့ မွန်းလွဲ (၁:၀၀) အချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သြစတြီးယားနှင့် မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အမျိုးသားလွှတ်တော်၏ သတင်းလွှာတွင် စာရင်းပေးသွင်းထားခြင်းဖြင့် နောက်ဆုံးရသတင်းများကို သင်၏ အီးမေးလ်ထဲတွင် လက်ခံရယူလိုက်ပါ။