Share this

World Wide Fund For Nature (WWF-UK)အဖွဲ့မှ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး၊ မြစ်ချောင်းများ ထိန်းသိမ်းရေး၊ လျှပ်စစ်နည်းပညာကဏ္ဍများနှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား World Wide Fund For Nature (WWF-UK) မှ Mr. Nicholas John Cox ဦးဆောင်သောအဖွဲ့သည် (၁၈-၃-၂၀၂၀)ရက်နေ့၊ (၁၄:၄၀)နာရီအချိန်၊ ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ် အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကောလိပ်တည်ဆောက်ရေး၊ တောရိုင်းတိရစ္ဆာန်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး၊ လွတ်လပ်စွာစီးဆင်းနေသော မြစ်ချောင်းများထိန်းသိမ်းရေး၊ လျှပ်စစ်နည်းပညာကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီမှလည်း သိရှိလိုသည်များကို   အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ အတွင်းရေးမှူး စခင်ဇော်လင်းနှင့် အဖွဲ့ဝင်များ၊  ကော်မတီရုံးဝန်ထမ်းအဖွဲ့များ၊  World Wide Fund For Nature (WWF-UK) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။