Share this

e-Parliament အကောင်အထည်ဖော်ရေးစနစ်တစ်ခုဖြစ်သော Hluttaw Intranet (Microsoft SharePoint)စနစ် အသုံးပြုနည်းများကို ဥပဒေကြမ်းကော်မတီတွင် ရှင်းလင်းတင်ပြခြင်း

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဝင်များအား e-Parliament အကောင်အထည်ဖော်ရေးစနစ် တစ်ခုဖြစ်သော Hluttaw Intranet (Microsoft SharePoint)စနစ် ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို (၁၇-၁၂-၂၀၁၉)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ရေးရာဆောင်အမှတ်(I-16)၌ ဆောင်ရွက်ခဲ့ရာ အမျိုးသားလွှတ်တော်ရုံး၊ နည်းပညာဌာနခွဲမှ ဝန်ထမ်းများက အချက်အလက်များ အလွယ်တကူ ရှာဖွေအသုံးပြုနိုင်ရန်နှင့် လိုအပ်သည့် နည်းပညာ အခက်အခဲများကို ရှင်းလင်းတင်ပြဆောင်ရွက်ပေးခဲ့ပါသည်။