Share this

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၁.၇.၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20)တွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေး၌ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြပါသည်။

အဆိုပါအစည်းအဝေးသို့ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။