Share this

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့၌ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၃)သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဘတ်ဂျတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

လှုပ်ရှားမှုများ

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့၌ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၃)သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ  တာဝန်ရှိသူများနှင့် (၂၂.၇.၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင်  လျှပ်စစ်ဌာနနှင့်လည်းကောင်း၊ (၁၄:၀၀)နာရီအချိန်တွင် စွမ်းအင်ဌာနနှင့်လည်းကောင်း စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေ တင်ပြမှုများစိစစ်ခြင်းနှင့်စပ်လျဉ်းသည့် ဘတ်ဂျက်ညှိနှိုင်းအစည်းအဝေးကို ရေးရာဆောင်အမှတ် (I-17) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၃)မှ ဥက္ကဋ္ဌ ဦးစခင်ဇော်လင်း၊ ဒု/ဥက္ကဋ္ဌ  ဦးကြည်မိုးနိုင်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဦး ၊ တွဲဖက်အတွင်းရေးမှူး ဦးနေမျိုးထက်နှင့် အဖွဲ့ဝင်များနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်၍  ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။