Share this

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Jan Hornik ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ချက်သမ္မတနိုင်ငံ၊ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Jan Hornik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၀.၂.၂၀၂၀)ရက်နေ့ ၁၅၀၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20)၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ပြည့်သူ့ငွေစာရင်းကော်မတီဝင် နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။