Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား WFD မှ Ms.Monique Marthe Smith နှင့် တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းနှင့် ကော်မတီဝင်များအား WFD မှ Ms.Monique Marthe Smith နှင့် တာဝန်ရှိသူများသည် (၁၃.၂.၂၀၂၀)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် WFD အဖွဲ့က “ ကော်မတီအား ပညာရပ်ဆိုင်ရာအကူအညီနှင့် သက်ဆိုင်ရာ အကြောင်းအရာအလိုက် အကြံဉာဏ်ပေးခြင်း အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ” ဆွေးနွေးပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်ကျော်ဝင်း၊ ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ နော်ဆာမူထူး၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။