Share this

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် မေးခွန်းရှင်ကိုယ်စားလှယ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် မေးခွန်းရှင်ကိုယ်စားလှယ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၇-၈-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20)အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးမှ (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် မေးခွန်းရှင်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား ကော်မတီအဖွဲ့ဝင်များက မေးမြန်းဆွေးနွေး၍ ပေါင်းစပ်အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ကော်မတီအဖွဲ့ဝင်များ၊ မေးခွန်းရှင်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။