Share this

အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များမှ လာရောက်တွေ့ဆုံခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များအား ၂၅-၃-၂၀၂၀ရက်နေ့ (၁၅:၁၅)နာရီအချိန်၌ ရေးရာဆောင်အမှတ်(I-17) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေနှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ အတွင်းရေးမှူး ဦးစခင်ဇော်လင်းနှင့်အဖွဲ့များ၊   ကော်မတီရုံးဝန်ထမ်း အဖွဲ့များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။