Share this

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား EuroCham Myanmar Garment Advocacy Group မှ Mr.Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား EuroCham Myanmar Garment Advocacy Group မှ Mr.Serkan Tanka ဦးဆောင်သောအဖွဲ့က (၂၅.၂.၂၀၂၀)ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အထည်ချုပ်လုပ်ငန်း၏ တိုးတက်မှုများ၊ GSP ပြဿနာများနှင့် စပ်လျဉ်း၍ Public Private ကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် ကော်မတီအဖွဲ့ဝင်များအပြင် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။