Share this

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား ILO  မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က (၂၆.၂.၂၀၂၀)ရက်နေ့ (၁၆၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20)ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သတင်းအချက်များကို ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး၊ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။