အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့သည် Forum of Federations (FOF)၏ အစီအစဉ်ဖြင့် (၆.၈.၂၀၂၀)ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-14) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် FOF ၏ အစီအစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ တစ်နှစ်တာလုပ်ငန်း စီမံချက်တွင် ဖက်ဒရယ်ပညာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။