အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၂၅-၂-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17)အောက်ထပ် ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ မြန်မာ့ပင်လယ်ငါးလုပ်ငန်းနှင့်စပ်လျဉ်း၍ ငါး၊ ပုစွန် စသည့် ရေထွက်ပစ္စည်း များအပါအဝင် သယံဇာတများထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ရေလုပ်သားများ၊ ရေလုပ်ငန်းရှင် များအပေါ်၌လည်း စနစ်တကျထိန်းချုပ်နိုင်ရေးနှင့် လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှု၊ လုပ်အားခေါင်းပုံ ဖြတ်မှုများအပေါ် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့ကိုတင်ပြခဲ့ရာ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ် များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၆:၃ဝ)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။