Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် ကနေဒါနိုင်ငံ Ontario ပြည်နယ် အမတ်ဟောင်း Ms. Monique Marthe Smith ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၁-၂-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17)အောက်ထပ်ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ကနေဒါနိုင်ငံ Ontario ပြည်နယ်အမတ်ဟောင်း Ms. Monique Marthe Smith က ပင်လယ်ပြင်ငါးလုပ်ငန်းဥပဒေနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် လိုအပ်သောဥပဒေအကြံပြုနိုင်ရန် အချက်အလက်ရှာဖွေလိုသည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး WFD နှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ 

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၃:ဝဝ)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။