Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၂၀.၈.၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီညီလာခံနှင့် သမ္မတလောင်းရွေးချယ်ပွဲ အကြောင်း၊ ASEAN Inter-Parliamentary Assembly (AIPA) အစည်းအဝေးပြင်ဆင်မှုများနှင့်   စပ်လျဉ်း၍   ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကော်မတီဝင်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလို သည်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး အစည်းအဝေးကို (၁၄:၂၀) နာရီတွင် ရုပ်သိမ်းပါသည်။