Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E.Mr.Francois Lafreniere ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E.Mr.Francois Lafreniere ဦးဆောင်သောအဖွဲ့က (၁၁.၃.၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီတွင် နေပြည်တော်ရှိ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်လတ်၊ ဒေါက်တာဦးကြွယ်ကြွယ်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။