Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြို့ကုန်းအိမ်ရာ စခန်းပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကိုယ်စားလှယ်များက လာရောက်တွေ့ဆုံခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြို့ကုန်းအိမ်ရာစခန်းပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကိုယ်စားလှယ်များက (၆-၈-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအိမ်ရာနေ ဦးချစ်သန်း အပါအဝင် (၁၃)ဦးတို့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအိမ်ရာစခန်း ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ မူလသဘောတူညီထား ခဲ့သည့် အကျယ်အဝန်းအတိုင်း ဆောက်လုပ်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံတင်ပြစာနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။