အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား ACE Data Systems Ltd. မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၄.၈.၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ သည်။
ယင်းသို့တွေ့ဆုံရာတွင် ACE Data Systems Ltd. မှ ဦးဇော်မိုးသန့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ မြန်မာနိုင်ငံအတွင်း ခေတ်မီနိုင်ငံတစ်ခု၏ အင်္ဂါရပ်ဖြစ်သော Energy Utilization Efficiency အဆင့်မြှင့်တင်မှု ပြုလုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု ထိန်းသိမ်းခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။