Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား ဖိတ်ကြား၍ ဆွေးနွေးညှိနှိုင်းခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ)မှ တာဝန်ရှိပုဂ္ဂိုလ်များက (၁၃.၂.၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးသည်။

ယင်းတွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ (မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း)မှ ဦးအောင်မြင့်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ညောင်တုန်းမြန်မာ့ရေနံဓာတ်ငွေ့စက်ရုံနှင့် ရတနာစုကုမ္ပဏီတို့၏ စာချုပ်ပါ အကျိုးတူဆောင်ရွက်နေမှုများအား စိစစ်ဆောင်ရွက်ပေးပါရန်ကိစ္စနှင့်စပ်လျဉ်း၍ ကွင်းဆင်းစိစစ်ခဲ့ရာ လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့် အဖွဲ့ဝင်(၉)ဦးတို့ တက်ရောက်ကြ ပါသည်။