Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ချည်မျှင်လုပ်ငန်းရှင်များမှ တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်တွေ့ဆုံခြင်း

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ချည်မျှင်လုပ်ငန်းရှင်များမှ တာဝန်ရှိပုဂ္ဂိုလ်များက (၂၄.၃.၂၀၂၀)ရက်နေ့ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17)အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းတွေ့ဆုံရာတွင် ချည်မျှင်လုပ်ငန်းရှင်များမှ ဦးထွန်းနိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် တည်ထောင်လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက ချည်မျှင်စက်ရုံလုပ်ငန်းများ၏ မန်နေဂျင်းဒါရိုက်တာ၊ မန်နေဂျာ၊ စက်ရုံမှူး တို့က ချည်မျှင်လုပ်ငန်းနှင့် ဆက်စပ်ပြီး တွေ့ကြုံနေရသည့် လုပ်ငန်းအခက်အခဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။