Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်တွေ့ဆုံခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက (၂၄.၃.၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17)အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းတွေ့ဆုံရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ဦးမင်းထိန် ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း(၁)ရှိ တိုက်အမှတ်(၄၃/၄၄/၄၅) တိုက်(၃)လုံးတွင် အခန်းပေါင်း(၁၈၀)ခန်းကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား အပြီးပိုင်ရောင်းချခြင်းသည် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချပိုင်ခွင့်ရှိ/မရှိ သိလိုသည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီအဖွဲ့ဝင်များ၊ ဦးအေးဗိုလ် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးဝင်းမင်း လှိုင်သာယာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။