Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်(မန္တလေးတိုင်းဒေသကြီး)တို့နှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ တင်ပြလာသည့် ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်သည့်ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ် (မန္တလေးတိုင်းဒေသကြီး)တို့နှင့် (၂၅-၃-၂၀၂၀)ရက်နေ့ (၁၂၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကော်မတီဝင်ကိုယ်စားလှယ်(၁၃)ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (၁၀)ဦးနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ (၅)ဦး စုစုပေါင်း (၂၈)ဦးတက်ရောက်ကြပါသည်။