Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဥရောပသမဂ္ဂအဖွဲ့(EU)မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဝန်ကြီးဌာန၏ (Myanmar Agriculture Development Strategy-ADS)နှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဥရောပသမဂ္ဂအဖွဲ့ (EU)မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဝန်ကြီးဌာန၏ (Myanmar Agriculture Development Strategy-ADS) ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ရေးဆွဲဖော်ဆောင်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ (၃၀.၇.၂၀၂၀)ရက်နေ့၊ (၁၃၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-14) အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ်(၈)ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ဥရောပသမဂ္ဂအဖွဲ့(EU)မှ (၁၃)ဦး၊ စုစုပေါင်း (၂၁)ဦး တက်ရောက်ကြပါသည်။