Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကြက်မွေးမြူရေးကဏ္ဍနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကြက်မွေးမြူရေးကဏ္ဍနှင့်စပ်လျဉ်း၍ (၂၃.၇.၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်‌တော်၊ ရေးရာဆောင်အမှတ် (I-14)အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ်(၁၃)ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(၈)ဦး စုစုပေါင်း(၂၁)ဦး တက်ရောက်ကြပါသည်။