Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို (၁.၇.၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ဂျင်းနန် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် က Covid-19 ကာကွယ်ရေးအတွက် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းများအသုံးပြုရန် နှာခေါင်းစည်း (Mask) ၃၀၀၀၀ အား ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။