Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဟောင်ကောင်လွှတ်တော်ရုံး ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Ms. Pauline Ng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် UNDP/IPU ၏ လွှတ်တော်လုပ်ငန်းများ စီမံခန့်ခွဲမှုအစီအစဉ်အဖြစ် အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသောရလဒ်များကို လာရောက်တင်ပြသည့် ဟောင်ကောင်လွှတ်တော်ရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Ms. Pauline Ng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၉.၅.၂၀၁၉)ရက်နေ့ (၁၃:၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာလွှတ်တော်ဖြစ်ပေါ်လာရေး၊ လွှတ်တော်ကော်မတီများ၏ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ရေး နှင့် ဆက်လက်အကူအညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။