Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H. E. Mr. Sherif Salah Eldin Elleithy အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Sherif Salah Eldin Elleithy အား (၁၈.၁.၂၀၂၁)ရက်နေ့၊ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သမိုင်းကြောင်းရှည်လျားစွာတည်ရှိခဲ့သော မြန်မာ-အီဂျစ် နှစ်နိုင်ငံ ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ဆက်သွယ် ဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာ့လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။