Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai အား (၂၆.၆.၂၀၁၉)ရက်နေ့ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ လွှတ်တော်ချင်း ဆက်သွယ်ဆောင်ရွက်မှုမြှင့်တင်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ကို နှစ်နိုင်ငံပူးပေါင်း၍ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။