Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျာမန်လွှတ်တော်ရှိ Alliance 90/ The Greens ပါတီမှ အာဆီယံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ MP Mrs. Renate Kunast ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်လွှတ်တော်ရှိ Alliance 90/ The Greens ပါတီမှ အာဆီယံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ MP Mrs. Renate Kunast ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၈.၂.၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ဆက်လက်ကူညီပေးရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအပြင် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အဖွဲ့ဝင် ဒေါက်တာဦးကြွယ်ကြွယ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။