Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (Covid-19) ကာကွယ်ရေးအတွက် အလိုအလျောက် ဆေးဖျန်းပေးသည့်စက်များ လက်ခံခြင်း

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ရုံးတွင် အသုံးပြုရန်အတွက် Coronavirus Disease 2019 (Covid-19) ကာကွယ်ရေး အထောက်အကူပြုပစ္စည်း Auto Disinfection Passage System ဖြင့် အလိုအလျောက် ဆေးဖျန်းပေးသည့်စက်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၁၅.၅.၂၀၂၀)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက Covid-19 ကာကွယ်ရေးအတွက် Auto Disinfection Passage System ဖြင့် အလိုအလျောက် ဆေးဖျန်းပေးသည့်စက်များ ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။