Share this

အမျိုးသားလွှတ်တော်သို့ ပြည်သူများလာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

(၅-၃-၂၀၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ကယန်းနှင့် ကရင်ဖြူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/အဖွဲ့ဝင် (၁၂)ဦး၊ မကွေးတိုင်း ဒေသကြီးရှိ အရှိုချင်း၊ ဥ(ပ်)ပူး၊ ဟားခါး(လိုင်)၊ ဇိုတုန်၊ ဒိုင်ရင်ဒူး၊ ချို(ချင်း)၊ ယော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့ဝင် (၃၇)ဦး၊ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေ၊ ရှမ်းကြီး၊ တိုင်းလွယ်၊ လားဟူ၊ အာခါ၊ တအာင်း(ပလောင်)၊ ဗမာ၊ ဝ၊ အားခေ၊ အဲန်၊ ကွီ၊ လီဆူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/အဖွဲ့ဝင် (၄၇)ဦးနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်း(၁၁)ဦး စုစုပေါင်း (၁၀၇)ဦး တို့သည် အမျိုးသားလွှတ်တော် သို့ လာရောက်လေ့လာကြပါသည်။