Share this

အမျိုးသားလွှတ်တော်သို့ ပြည်သူများလာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

၁၃.၂.၂၀၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၏ မိတ်ဆွေ(၁)ဦးနှင့် မြန်မာနိုင်ငံကလျာဏယုဝခရစ်ယာန်အသင်းများ၏ အမျိုးသားကောင်စီ (National Council of YMCAs of Myanmar)မှ ဖွင့်လှစ်သော နိုင်ငံသားပညာရေးဆင့်ပွားပညာပေးသင်တန်း တက်ရောက်ခဲ့ပြီးသော ရန်ကုန်၊ မအူပင်၊ မုံရွာ၊ တောင်ကြီး၊ လားရှိုးမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူတာဝန်ရှိဝန်ထမ်းများ စုစုပေါင်း(၁၄၀)ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြသည်။