အမျိုးသားလွှတ်တော်ရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
၁။ အမျိုးသားလွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး (လစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (၂၅)နေရာအတွက် အောက်ဖော်ပြပါ ပညာအရည်အချင်း ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
(က) ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ( ၄ ) နေရာ
အင်ဂျင်နီယာဘွဲ့ (သုတနည်းပညာ)၊
သတင်းအချက်အလက်သိပ္ပံနှင့် နည်းပညာ အင်ဂျင်နီယာဘွဲ့၊
[ နည်းပညာဌာနခွဲတွင် တာဝန်ထမ်းဆောင်ရန် ]
( ခ ) ဝိဇ္ဇာဘွဲ့(စာကြည့်တိုက်နှင့်သုတပညာ) ( ၃ ) နေရာ
[ စာကြည့်တိုက်တွင် တာဝန်ထမ်းဆောင်ရန် ]
( ဂ ) တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိသူ ( ၁၈ ) နေရာ
၂။ လျှောက်ထားသူများသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) (၂၉ - ၈ -၂၀၁၉) ရက်နေ့တွင် အသက်(၂၅)နှစ်ထက်မကျော်စေရ။
(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ကွန်ပျူတာ အခြေခံတတ်ကျွမ်းရမည်။(ကျွမ်းကျင်မှုအား လက်တွေ့စစ်ဆေးပါမည်။)
၃။ လျှောက်လွှာတွင် -
(က)အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊
(ခ)မွေးနေ့သက္ကရာဇ်နှင့် အသက်၊
(ဂ)ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊
(ဃ)အဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်း၏အလုပ်အကိုင်၊
(င) အမိအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်း၏အလုပ်အကိုင်၊
(စ)ဆက်သွယ်ရန် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊
(ဆ)အမြဲတမ်းနေရပ်လိပ်စာတို့ကို ပြည့်စုံမှန်ကန်စွာ ဖော်ပြရမည်။
၄။ လျှောက်လွှာနှင့်အတူ-
(က)(၆) လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓါတ်ပုံ (၃) ပုံ၊
(နောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားရန်)
(ခ)ဘွဲ့လက်မှတ်မိတ္တူ၊
(ဂ)အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ၊
(ဃ)နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(င)အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
(စ)(၆) လအတွင်း ရရှိထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံချက်မူရင်း၊
(ဆ)အမျိုးသားလွှတ်တော်ရုံး(နေပြည်တော်)တွင် တာဝန်ထမ်းဆောင်ရမည်ကို သိရှိပါကြောင်းနှင့် အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ခံကတိရေးထိုးထားသည့် လျှောက်လွှာပူးတွဲပါရှိရမည်။
၅။ လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည်တော်သို့ လိပ်မူ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှမှတ်ပုံတင်၍လည်းကောင်း (၂၉ - ၈ -၂၀၁၉) ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
၆။ ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်မှု လက်တွေ့စစ်ဆေးခြင်းကို ၇ - ၉ -၂၀၁၉ ( စနေနေ့)တွင် လည်းကောင်း၊ လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကို ၈ - ၉ -၂၀၁၉ (တနင်္ဂနွေနေ့)တွင်လည်းကောင်း၊ နံနက်(၀၉၀၀)နာရီမှ စတင်၍ အမျိုးသားလွှတ်တော်ရုံး၊ နေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ပါသည်။
၇။ ဖြေဆိုခွင့်ကတ်ပြားများကို ( ၆- ၉ -၂၀၁၉)ရက် ( သောကြာနေ့) တွင် လွှတ်တော်ရုံး၊ ဂိတ်အမှတ်(၂)ရှေ့၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပါသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
၈။ အသေးစိတ်သိရှိလိုပါက အမျိုးသားလွှတ်တော်ရုံး ဖုန်းနံပါတ် ၀၆၇- ၅၉၁၂၄၀ ၊ ၀၆၇- ၅၉၁၂၃၁ နှင့် ၀၆၇-၅၉၁၆၆၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
လျှောက်လွှာနှင့် ကိုယ်ရေးအကျဉ်းပုံစံများကို အောက်ဖော်ပြပါ Download Link တွင် ရယူနိုင်ပါသည်။