Share this

အမျိုးသားလွှတ်တော်ရုံးတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း ဆောင်ရွက်ခြင်း

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ရုံးတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် (၈-၅-၂၀၂၀)ရက်နေ့ နံနက် (၁၀၀၀)နာရီတွင် စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးကျော်မင်းထွန်း ဦးဆောင်၍ လူအင်အား (၃၂)ဦး၊ အထောက်အကူပြုကား (၆)စီးတို့ဖြင့် MMK BLEACH ဆေးရည်များအား အမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ရုံးခန်းများနှင့် လျှောက်လမ်းများ၊ ပုရဝဏ်များ အား ဆေးဖြန်းခြင်း ဆောင်ရွက်ပေးခဲ့သည့်အတွက် အမျိုးသားလွှတ်တော်ရုံးမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။