Share this

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဂျပန်နိုင်ငံ LIBERAL DEMOCRATIC PARTY အထွေထွေအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံ

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အဖွဲ့အား (၁၀-၄-၂၀၁၇) ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈:၃၀ နာရီက ဂျပန်နိုင်ငံ Okura Hotel  ၌ Okura Hotel အကြီးအမှူး Mr. Toshihiro၊ ဒုတိယအကြီးအမှူးနှင့် ဂျပန်နိုင်ငံ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းရှင်များအုပ်စုတို့က နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

(၁၁-၄-၂၀၁၇) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီကလည်း အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ  Liberal Democratic Party (L.D.P) ပါတီဌာနချုပ်၌ ပါတီအထွေထွေအတွင်းရေးမှူးချုပ်၊ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် (L.D.P) ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

(၁၂-၄-၂၀၁၇) ရက်နေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီကလည်း အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Liberal Democratic Party (L.D.P) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Toshihiro Nikai က နေ့လည်စာဖြင့်ဧည့်ခံရာ အဆိုပါဧည့်ခံပွဲသို့ ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။