Share this

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့အရောက် သတင်းပို့ကြရန် ပန်ကြား

သတင်းနှင့် ပြန်ကြားရေး
အမိန့်ကြော်ငြာစာများ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇)ရက်၊ တနင်္လာနေ့၊ နံနက် (၁၀)နာရီအချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားပါသည်။

ထိုအစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် I -19 (အိုင်-၁၉)သို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅)ရက်ထက်မစော (၂၆)ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ပန်ကြားအပ်ပါသည်။