ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ တနင်္လာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။
ထိုအစည်းအဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် I -19 (အိုင် - ၁၉) သို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်ထက်မစော (၁၄) ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ပန်ကြားအပ်ပါသည်။