Share this

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science)မှ မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science)မှ Project Manager ဦးမျိုးအောင်ထွေးနှင့်အဖွဲ့သည် (၂၀-၈-၂၀၂၀)ရက်(ကြာသပတေးနေ့)၊ နေ့လည်(၁၄:၀၀)နာရီအချိန်၊ ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ်အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေအမြင်စကားဝိုင်းမှ သက်ဆိုင်ရာပညာရှင်များ၊ ဥပဒေပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဆွေးနွေးခဲ့သည့် အကြံပြုချက်များနှင့် Three Column Recommendation တို့ကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီမှလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ အတွင်းရေးမှူး စခင်ဇော်လင်းနှင့် အဖွဲ့ဝင်များ၊  ကော်မတီရုံးဝန်ထမ်းအဖွဲ့များ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။