ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၆:၄၅)နာရီအချိန်တွင် (J)ဆောင် ထမင်းစားခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးပါသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။