Share this

နေပြည်တော်အမျိုးသားလွှတ်တော်ရုံးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသတင်းပို့ကြရန်ပန်ကြားခြင်း

သတင်းနှင့် ပြန်ကြားရေး
အမိန့်ကြော်ငြာစာများ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကိုနေပြည်တော်ရှိအမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊တနင်္လာနေ့ နံနက်(၁၀)နာရီအချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကခေါ်ယူထားရာအဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ထိုအစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေနေပြည်တော်ရှိအမျိုးသားလွှတ်တော်ရေးရာဆောင် I – 19(အိုင် - ၁၉) သို့ ၂၀၂၀ပြည့်နှစ်၊ဇူလိုင်လ(၁၁)ရက်ထက်မစော(၁၂)ရက်ထက်နောက်မကျစေဘဲသတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြားယူဆောင်လာကြရန် ပန်ကြားအပ်ပါသည်။