Share this

တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦး အစားထိုးပြောင်းလဲ

အမိန့်ကြော်ငြာစာများ

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၁၈.၁.၂၀၁၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၂/၂၀၁၆)၊ ၃၀.၁၀.၂၀၁၇ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၂၅/၂၀၁၇)နှင့် ၆.၁၁.၂၀၁၈ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၁၆၈/၂၀၁၈)တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည်-