Share this

တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦး အစားထိုးပြောင်းလဲ

သတင်းနှင့် ပြန်ကြားရေး
အမိန့်ကြော်ငြာစာများ

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၁၈.၁.၂၀၁၆ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၂/၂၀၁၆)၊ ၂၁.၈.၂၀၁၇ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၂၀/၂၀၁၇)၊ ၁၅.၅.၂၀၁၈ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၆၂/၂၀၁၈) နှင့် ၂၇.၁.၂၀၂၀ ရက်စွဲပါ ကော်မရှင်၏ကြေညာချက်အမှတ် (၃၅/၂၀၂၀)တို့တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုးပြောင်းလဲလိုက်သည်-