ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ နှင့် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၇ တို့အရ၊ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) တနင်္လာနေ့၊ နံနက် (၁၀) နာရီ အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။