Share this

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

လှုပ်ရှားမှုများ

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၄.၂.၂၀၂၀)ရက်နေ့ ၁၃၃၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ သဘင်ဆောင်၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဉက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ IPU မှ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအား လေးစားမှုမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဟန်ဂေရီ လွှတ်တော်ကိုယ်စားလှယ် Dr. Agnes Vadai ၊ နိုင်ငံတကာပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊ လွှတ်တော်ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။