Share this

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးကော်မတီ၏ ၂၆.၆.၂၀၁၄ ရက်နေ့ အစည်းအဝေး

လှုပ်ရှားမှုများ

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးကော်မတီသည် (၂၆.၆.၂၀၁၄) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကိစ္စရပ်များကို ဆောင်ရွက်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။