Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် Forum of Federations (FOF) ၏ ဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင်နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် ဖက်ဒရယ်ကျန်းမာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် Forum of Federations (FOF) ၏ ဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင် နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် (၆.၈.၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-14) အောက်ထပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ဖက်ဒရယ်ကျန်းမာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။