Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကျန်းမာရေးစောင့်ရှောက်မှုအာမခံခြင်းဆိုင်ရာဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့မှ ကျန်းမာရေးစောင့်ရှောက်မှုအာမခံခြင်းဆိုင်ရာဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို (၂၅.၈.၂၀၂၀)ရက်နေ့၊ အမျိုးသားလွှတ်တော် အစည်းအဝေးပြီးစီးချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် (J-ဆောင်)  ထမင်းစားခန်းမ၌ ကျင်းပခဲ့ပါသည်။

ယင်းသို့ တင်ပြဆွေးနွေးရာတွင် အမျိုးသားကျန်းမာရေးအာမခံစနစ် (National Health Insurance System) ရရှိရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအာမခံခြင်းဆိုင်ရာဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့ရာ တက်ရောက်လာသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး ရှင်းလင်းတင်ပြပွဲကို (၁၅:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။