၁။ | အကြိမ် | - | ဒုတိယအကြိမ် |
၂။ | အမည် | - | ဦးဝင်းကြိုင် |
၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၇/လပတ(နိုင်) ၀၁၄၀၂၀ |
၆။ | မွေးသက္ကရာဇ် / အသက် | - | ၁၆-၀၅-၁၉၅၅ / (၆၃) နှစ် |
၇။ | မွေးဖွားရာဇာတိ | - | လက်ပံတန်းမြို့ |
၈။ | ပညာအရည်အချင်း | - | LLB (Advocate) |
၉။ | လက်ရှိအလုပ်အကိုင် | - | တရားလွှတ်တော်ရှေ့နေ |
၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးတင်လှိုင်(ကွယ်လွန်) |
၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ကြွေ၊ ဟသတ(နိုင်) ၀၁၆၇၀၈၊ မှီခို |
၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သန်းသန်းဆင့်၊ ၇/လပတ(နိုင်) ၀၁၄၃၅၈၊ မှီခို |
၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) ဒေါ်ဇာခြည်ငြိမ်းချမ်း၊ ၇/လပတ(နိုင်) ၀၉၁၁၅၁၊ အင်္ဂလိပ်စာပြ(ဆရာမ) (၂) ဒေါ်စန္ဒာငြိမ်းချမ်း၊ ၇/လပတ(နိုင်) ၁၀၉၃၄၃၊ မှီခို (၃) ဒေါ်နီလာငြိမ်းချမ်း၊ ၇/လပတ(နိုင်) ၁၀၉၃၈၁၊ ကျောက်ဆည်ဘိလပ်မြေစက်ရုံ၊ အင်ဂျင်နီယာ။ (၄) မောင်ဉာဏ်ဝင်းထက်၊ ၇/လပတ(နိုင်) ၁၄၆၈၀၉၊ ရတနာပုံနည်းပညာတက္ကသိုလ် (I.S) နောက်ဆုံးနှစ်။ |
၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ဗိုလ်ချုပ်လမ်း၊ မင်းရပ်ရပ်ကွက်၊ လက်ပံတန်းမြို့။ |
၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁၀) |
အထူးမူလတန်းကျောင်း လက်ပံတန်း အ.ထ.က၊ အ.ထ.က(၁) လက်ပံတန်းမြို့။
အ.ထ.က (၂) လက်ပံတန်းမြို့၊ စာပေးစာယူ တက္ကသိုလ်၊ ရန်ကုန်မြို့။
အ.မ.က ခမုံဆိပ်(မူပြ)၊အ.မ.က ကုလားကုန်း(မူပြ)၊ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ။
၁၉၈၂ အသုံးလုံး လှုပ်ရှားမှုတွင် နယ်မြေတာဝန်ခံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ရှေ့နေများ ကွန်ရက်တွင် ပါဝင်ဆောင်ရွက်သည်။ လက်ပံတန်းမြို့နယ်ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လက်ရှိ ပါဝင်ဆောင်ရွက်သည်။ ၁၉၈၈ ပြည်သူ့ အရေးတော်ပုံတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၏ ရှေ့နေများသမဂ္ဂမှတစ်ဆင့် ပါဝင်ခဲ့သည်။ ၁၉၈၈ လက်ပံတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်က မြို့နယ်အလုပ်အမှုဆောင်၊ သတင်းပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်သည်။ ၁၉၉၀ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ပံတန်းမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၂)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အေး၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ပံတန်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး တာဝန်ဆောင်ရွက်ခဲ့သည်။ လက်ရှိလက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များသို့ မြို့နယ်ဒု-ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်အတူ သွားရောက်ရှင်းလင်း ဟောပြောခဲ့သည်။
မှတ်ချက်