ဦးမြညိမ်း

ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၇)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းသည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် စတင်ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော်သက်တမ်း (၅) နှစ်အတွက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် သက်တမ်း (၅) နှစ်၏ ပထမ(၂) နှစ်ခွဲတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ပါသည်။

ကိုယ်ရေး အကျဉ်း: 

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းသည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် စတင်ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော်သက်တမ်း (၅) နှစ်အတွက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် သက်တမ်း (၅) နှစ်၏ ပထမ(၂) နှစ်ခွဲတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ပါသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးမြညိမ်းသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး (စီမံရေးရာ) ဌာနတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်ထိ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပြီး (၁၈.၁.၂၀၀၇) တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြင့် အငြိမ်းစား ယူခဲ့ပါသည်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ကင်ညာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ (ဘာလီ) စသည့်နိုင်ငံများသို့ သွားရောက်ခဲ့ပါသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်အား AIPA  တင်းပြည့် အဖွဲ့ဝင်အဖြစ် လက်ခံသည့် အခမ်းအနားသို့ တက်ရောက်ရန်အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံသို့လည်းကောင်း၊ နိုင်ငံတကာ ပါလီမန်ဆိုင်ရာ သမဂ္ဂ (Inter Parliamentary Union IPU) ညီလာခံသို့တက် ရောက်ရန်အတွက် ၂၀၁၂ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ ယူဂန်ဒါ နိုင်ငံသို့ လည်းကောင်း၊ လေ့လာရေး ခရီးသွား ရောက်ရန် အတွက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ ဂျာမနီနိုင်ငံ ပါလီမန်သို့ လည်းကောင်း၊ MDG Acceleration and Post – 2015 Development Agenda  အစည်းအဝေး တက်ရောက်ရန်အတွက် ၂၀၁၃ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့ထိ အင်ဒိုနီးရှားနိုင်ငံသို့ လည်းကောင်း၊ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ အိန္ဒိယ နိုင်ငံသို့ လည်းကောင်း သွားရောက်ခဲ့ပါ သည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကအဖြစ် တာဝန် ထမ်းဆောင်စဉ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်များ၏ အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းကော်မတီနှင့် အလုပ်သမားအလုပ်ရှင် အခွင့်အရေး၊ လေ့လာရေး ပူးပေါင်း ကော်မရှင်တို့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ယခု အမျိုးသားလွှတ်တော် အခွင့်အရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးမြညိမ်းအား ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ယခု ရွှေပြည်သာမြို့နယ် (မှော်ဘီမြို့နယ်) သံဒင်း ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာ(ဥပဒေ)၊ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ရှေ့နေချုပ်ရုံးတွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးတံဆိပ်၊ ၁၉၉၁ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်နှင့် ရှေ့နေချုပ်ဆု(ဒုတိယအဆင့်)၊ ၁၉၉၄ ခုနှစ်တွင် ပြည်သူ့ ဝန်ထမ်းတံဆိပ်၊ ၂၀၀၀ပြည့်နှစ်တွင် ပြည်‌သူ့ ဝန်ထမ်းကောင်း တံဆိပ်၊ ၂၀၀၁ ခုနှစ်တွင် ရှေ့နေချုပ်ဆု (ပထမအဆင့်)၊ ၂၀၀၃ ခုနှစ် တွင် စီမံထူးချွန်ဆု (ဒုတိယအဆင့်) နှင့် ၂၀၀၆ ခုနှစ်တွင် စီမံထူးချွန်ဆု (ပထမအဆင့်) စသည့် ဘွဲ့တံဆိပ်ပေါင်း (၈) ခုကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့ပါသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းသည် ဘောလုံးကန်ခြင်း၊ ကြက်တောင် ရိုက်ခြင်းနှင့် ဂေါက်သီးရိုက် ကစားခြင်းများကို ဝါသနာပါပြီး ဇနီး၊ သား(၁) ဦး၊ သမီး(၂) ဦး၊ မြေး(၇) ဦးတို့နှင့်အတူ နေပြည်တော်တွင် နေထိုင်လျက် ရှိပါသည်။

သတင်းများ